ဘ၀ ရှင်သန်နေရခြင်း အဓိပ္ပာယ်ကို ရှာဖွေနေမိရင်း ...

Saturday, September 25, 2010

You'll Be In My Heart ...



အခုတလော ကိစ္စတစ်ခုနဲ့ စိတ်မအေးနိုင်ဖြစ်နေတယ်။ ... အားလုံးအဆင်ပြေသွားမှာပါ လို့ ကိုယ့်ကိုယ်ကို အားပေးနေပေမယ့်လည်း ချစ်သောသူများရဲ့ အားပေးမှု၊ ကြင်နာမှု တွေကို ပိုတောင့်တနေမိတယ်။ အမေ့ကို အနားနားမှာ ရှိနေစေချင်တယ်။ stress တွေများပြီး စိတ်ဓါတ်က ဟိုးအောက်ဆုံးကို ရောက်နေတယ်။ .... ဒီလောက် တရားကို လေ့လာလိုက်စားနေပြီး တရားမရှိရကောင်းလားလို့ဆိုလာရင်လည်း ခံရမှာပဲ ကိုယ်ကတရားပြည့်ဝနေတဲ့ သူတော်စင်မှ မဟုတ်သေးတာ။ မနေ့က ဒီသီချင်းလေးနားထောင်ရင်း ငိုမိတယ်။ ... တစ်ခါတစ်လေငိုလိုက်ရတာက စိတ်တင်းထားရတာထက်တော့ သက်သာပါသေးတယ်။ ... သူများကို စိတ်ညစ်အောင်ကြီးပဲ ပြောနေမိပြီ။ ဒီသီချင်းလေးက မိုးအကြိုက်ဆုံး သီချင်းများထဲက တစ်ပုဒ်ပါ။ .. သူငယ်ချင်းများအားလုံး ကိုယ်စိတ်ရွှင်လန်းကြပါစေလို့ ဆုတောင်းနေရင်း


Shinn Thant Moe
**သီချင်းကို ဒီကယူတယ် http://www.youtube.com/watch?v=dBccDxGBCFY

No comments:

Post a Comment