ဘ၀ ရှင်သန်နေရခြင်း အဓိပ္ပာယ်ကို ရှာဖွေနေမိရင်း ...

Wednesday, June 30, 2010

Home




"East, West, home's best." ဆိုတဲ့ စကားလေးအတိုင်းပါပဲ လူတိုင်းအတွက် ကိုယ့်ရဲ့မွေးရပ်၊ ကိုယ့်မိသားစုရှိနေတဲ့ နေရာ(အိမ်)လေးဟာ အနွေးထွေးဆုံး၊ စိတ်ချမ်းသာမှု အရရှိနိုင်ဆုံးနေရာလေးပါ။ ဘ၀ပေးကုသိုလ်ကံအကြောင်းတရားတွေကြောင့် လူတွေဟာ မိမိတို့နေရပ်၊ မိသားစုတွေနဲ့ဝေးကွာပြီး တစ်သီးတစ်ခြား ရပ်တည်ရုန်းကန်နေကြရတတ်ပါတယ်။ ဒီသီချင်းလေးက ကျွန်မ အိမ်ကိုလွမ်းတဲ့အခါတွေမှာ ဖွင့်ထားပြီး တိတ်တဆိတ်လိုက်ငိုမိတတ်တဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ။ ဒီနေ့လည်း အဲဒီသီချင်းကို သူငယ်ချင်းတစ်ယောက်က facebook မှာ တင်ထားတာကို ဖွင့်နားထောင်ဖြစ်ခဲ့ပါတယ်။

အားလုံး မိသားစုတွေနဲ့ အတူတကွပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေလို့ တောင်းဆုပြုရင်း ...

Shinn Thant Moe

သီချင်းကို ဒီကယူတယ် http://www.youtube.com/watch?v=potHlhsDOFQ

Monday, June 28, 2010

အိမ်မက်တွေ .......

အိမ်မက်ဆိုတာ ... စိတ်စွဲပြီးမက်တာလား? အတိတ်၊ အနာဂတ်တွေကို ကြိုတင်သိမြင်ခြင်းမျိုးလား? နိမိတ်ပုံတွေလား? ... ???
အခုတလော အိမ်မက်ထူးထူးဆန်းဆန်းတွေမက်နေတယ် ... အဲဒီလိုတွေ မက်တဲ့အခါ စိတ်ထဲမှာ "ဘာလို့ အဲဒီလိုအိမ်မက်မျိုးတွေ မက်နေရတာလဲ?" ဆိုပြီး အတွေးတွေချဲ့မိတယ်။ ကိုယ်ပဲ ပြင်ပအာရုံခံစားမှုတွေ များနေလို့လား? ... သူ့အလိုလိုမက်ချိန်တန်လို့ မက်ရတာမျိုးလား? အတိတ်၊ အနာဂတ်ကာလမှာ ဖြစ်ပေါ်လာမယ့်အကြောင်းအရာတွေအတွက် နိမိတ်ပုံတွေလား? ...

လားပေါင်းများစွာနဲ့ပဲ အိမ်မက်တွေနဲ့ တစ်ညကုန်ဆုံးရပြန်ပြီ ....

Shinn Thant Moe